SaaS scam ထောင်ခြောက်များ
လွန်ခဲ့တဲ့ရက်အနည်းငယ်က SG ရုံးတစ်ခုရဲ့လိုအပ်ချက်အရ .ai adobe illustrator file ကိုဖွင့်ဖို့လိုအပ်လို့ Adobe cloud account ရဲ့ 7 days free trial ကို subscribe လုပ်လိုက်မိတယ်။ Adobe ကိုသုံးဖို့ကို payment ကဒ်မဖြစ်မနေထည့်ရတယ်။ ဒါကလည်းသဘောရိုးပဲလို့ထင်ခဲ့တယ် zoom တို့ heroku တို့တုန်းကတောင် ကျနော်တို့ payment card ထည့်ပြီးသုံးခဲ့တာပဲလေ။
မေ့မေ့လျော့လျော့ပဲ ကျနော်ထားခဲ့မိတယ် နောက် ၁၀ ရက်လောက်နေတော့ invoice ရောက်လာတယ် usd 20.99 တဲ့။ ဒါနဲ့ ကျနော် Adobe ထဲဝင်ပြီးကြည့်လိုက်တော့ plan ကို canel လုပ်မယ်ဆို usd 20.99 charge လုပ်မယ်ဆိုပဲ။ ပြီးတော့ payment ကိုလည်းလုံးဝဖြုတ်လို့မရဘူး။ ဘာကြီးလဲပေါ့ နောက်တော့ Google မှာရိုက်ရှာလိုက်တယ် ကိုယ့်လိုပြဿနာတက်နေတဲ့သူတွေ သောင်းခြောက်ထောင်လောက်ရှိတယ်။
အဲဒါနဲ့ account ကို delete / deactivate လုပ်မယ်ဆိုပြီးရှာပြန်တော့ payment နဲ့ပဲအကုန်ကိုင်ပေါက်ပါလေရော ဘာလုပ်လုပ် မင်းပိုက်ဆံမခြေရသေးဘူးဆိုတာချည်းပဲ။ နောက်ဆုံး usd 20 ကိုလွဲပြီး account ကိုပိတ်ချလိုက်ရတယ်။ ဆိုတော့ Adobe ရယ်မဆိုလိုဘူး သူငယ်ချင်းတို့ free trial သုံးရင် term ကိုသေသေချာချာဖတ်ပါ သူတို့ ဂျလည်ကျမယ့် အကွက်တွေအဲဒီ free trial မှာထည့်မြှုပ်ထားတတ်ပါတယ်။
adobe မှရယ်မဟုတ်ဘူး payoneer , zoom စတဲ့ companies တွေကိုလဲ reddit မှာ reviews တွေပေးထားကြတယ် ဆိုးဆိုးဝါးဝါးတွေဗျ။
online မှာ payment card ထည့်တော့မယ် တစ်ခုခုဝယ်တော့မယ်ဆို plans တွေ terms သေသေချာချာဖတ်ခြင်းအားဖြင့် scam တွေရှောင်ရှားနိုင်ကြပါစေဗျာ။ ဒါကတော့ ကျနော်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို share ထားတာပဲဖြစ်ပါတယ်။ လာရောက်ဖတ်ရှုပေးတဲ့အတွက် Thanks 🙏