Human relay provider ဆိုတာဘာလဲ?
Human relay provider ဆိုတာ လူကိုယ်တိုင်အနည်းငယ်ဝင်ပါရတဲ့ vibe coding တစ်မျိုးပဲဖြစ်ပါတယ်။ ကိုယ်က cursor , windsurf, augment တို့ကိုမဝယ်နိုင်ဘူးဆိုရင် ဒီလို human relay provider ကိုသုံးလို့ရပါတယ်။ သူ့ကိုသုံးရင် ကိုယ်ကြိုက်တဲ့ ကမ္ဘာပေါ်ကရှိသမျှ model ကိုလှမ်း chat ပြီးသုံးလို့ရပါတယ်။
ပုံမှန်အားဖြင့် cursor တို့လိုမျိုးက API Key နဲ့ API ကိုလှမ်းပစ်ပြီး ကိုယ့်ရဲ့ code editor ထဲကိုပြန်လာတယ် ဒါပေမယ့် human relay ကျတော့ API Key တွေမလိုဘူး API လည်းပစ်တာမျိုးမရှိဘူး။ အလယ်ကနေ လူကနေ copy / paste လုပ်ပေးရတယ်။
ဘယ်မှာသုံးလို့ရမလဲ
Roo Code VS code extension ကို install လုပ်ပြီးစမ်းလို့ရပါတယ်။
စစချင်းကိုယ့်ရဲ့ prompt ကို Roo Code Chat ထဲထည့်ရိုက်လိုက်တာနဲ့ copy ကူးလို့ရမယ့်စာတစ်ခုကို Roo Code က ထုတ်ပေးပါတယ် အဲဒါကို ကိုယ်သုံးချင်တဲ့ Chat provider ဆီသွားပြီး paste ထည့်လိုက်ရုံပါပဲ၊ ဥပမာ chatgpt ကိုသွားထည့်ပေးလိုက်တယ်ဆိုပါစို့၊ chatgpt ကပြန်လာတဲ့ response ကို copy ပြန်ကူးပြီး roo code ကိုထည့်ပေးလိုက်ရုံပါပဲ။ အဲဒီတော့ လူက copy / paste ထိုင်လုပ်နေရတာပေါ့။
အားသာချက် ဘာရှိမလဲ
ပုံမှန်အားဖြင့် ChatGPT, Grok, Anthropic တို့ဆိုတာ API မှာပိုက်ဆံတောင်းတယ်၊ ဒါပေမယ့် သူတို့ရဲ့ website မှာ ပုံမှန် free ပေး chat ထားပါတယ်၊ အဲဒီတော့ Roo Code နဲ့ချိိတ်ပြီး ကိုယ်ကြိုက်တဲ့ paid model တွေကို အကုန်သုံးလို့ရသွားတာပါပဲ။
အားနည်းချက် ဘာရှိမလဲ
အားနည်းချက်ကတော့ လူက copy paste လုပ်နေရတာပေါ့။ (ဒါကိုတချို့မလုပ်ချင်လို့ automate human relay ဆိုတာမျိုးရှိပါသေးတယ် အဲဒီအပိုင်းနည်းနည်းခက်မယ်) နောက်အားနည်းချက်တစ်ခုကတော့ files အများကြီးကိုသူ မဖြေရှင်းနိုင်ဘူး၊ ဥပမာ file ၁ ခု ၂ ခုလောက်ပြင်တာမျိုးကပိုကောင်းတယ်။