August AI - RAG for Burmese text
တခါတလေ မြန်မာလူမျိုးတွေပဲနားလည်တဲ့ အကြောင်းရာတွေ၊ Slang အသစ်အဆန်းတွေကိုကို LLM တွေလုံးဝ မသိပါဘူး၊ ကိုယ်ဖြေခိုင်းစေချင်တာတွေလည်း သူမဖြေပေးပါဘူး။ ဒါကို ကိုယ်ကြားခံထည့်ထားတဲ့ data နဲ့ LLM တွေကို ဖြေခိုင်းစေချင်တယ်ဆို ဖြေခိုင်းလို့ရပါတယ်။ ဒါကို RAG နည်းပညာလို့ခေါ်ပါတယ်။
တကယ်လို့ ကိုယ်ဖြေခိုင်းတဲ့ data ထဲက မပါတဲ့ အရာတွေကို user ကမေးလာတယ်ဆိုရင်လည်း LLM ကို fallback သွားမေးပါတယ်။ ဒီ video ထဲမှာဆို ကျနော် “သင်္ကြန်ပွဲတော်” အကြောင်းဖြတ်မေးလိုက်ပါတယ် အဲဒီ “သင်္ကြန်ပွဲတော်” ဆိုတာ ကျနော်ထည့်လိုက်တဲ့ custom data ထဲမပါပေမယ့် ပုံမှန်အတိုင်း LLM API ကိုပစ်ပြီးမေးသွားပေးပါတယ်။
အရင်တစ်နှစ်လောက်က RAG တွေဟာမြန်မာစာကို သိပ်မသိလို့ ဘာမှမထိရောက်ခဲ့ဘူး၊
ဒီနှစ်ကတော့ RAG ဟာမြန်မာစာတွေကို 60-80% လောက်မှန်အောင် ဖြေလာနိုင်ပါတယ်။
August AI က အခုမှ စမ်းသပ်နေတုန်းပဲမို့ beta ပဲရှိပါသေးတယ် စမ်းချင်တယ်ဆို https://ai.augusthost.com မှာ account လုပ်ပြီးစမ်းနိုင်ပါတယ်။