Facebook Page ရှိနေပြီဘဲ ဘာကြောင့် website လိုအပ်တာလဲ?
ကျနော်မှတ်မိသလောက် လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ "Facebook Page ရှိနေပြီဘဲ ဘာကြောင့် website လိုအပ်တာလဲ?" ဆိုတဲ့ကြော်ငြာမျိုး z.com က Facebook ပေါ်မှာကြော်ငြာတာတွေ့ဖူးတယ်၊ လူတွေတော်တော်များများ comment ပြန်ဝုန်းကြတယ်ပေါ့ဗျာ.. Facebook Page ကသာပိုကောင်းတယ် Hosting ဖိုးလည်းမကုန်ဘူး Free ပဲ ဘာညာ သာရကာပေ့ါ။
အဲဒီတုန်းက z.com ရော၊ ကိုယ်တွေလို developer တွေ တကယ်မငြင်းနိုင်ခဲ့ပါဘူး၊ တကယ်လည်းသာတာကိုး။ အထူးသဖြင့် Facebook canvas နဲ့ instant article တွေက နှိပ်လိုက်ရင် loading speed အရမ်းသွက်တယ် စာမျက်နှာတွေချက်ချင်းကျတယ်၊ ပြီးတော့ Facebook အပြင်ကိုထွက်သွားစရာမလိုပဲ အရောင်းအဝယ်ကောင်းကောင်းလုပ်လို့တယ်။ (စကားချပ်။ ။ facebook ကိုယ်၌က အသုံးပြုတဲ့သူတွေကို သူတို့ facebook ကနေအပြင်ကို ပေးကို မထွက်ချင်စေချင်တာ) အခုဆိုပိုဆိုး Facebook page ကို website တွေလိုမျိုးဖြစ်အောင် grid design , List design တွေထည့်ထားတယ်။ Facebook page တွေရဲ့ထိပ်မှာ Search လေးပါထည့်လာတယ်၊ page တစ်ခုလုံးရဲ့ post တွေဘာရှာရှာ ရှာလို့ရနေတာမျိုးပေါ့။
ဒါပေမယ့် ကျနော် အပေါ်ကပြောခဲ့သလိုပဲ Facebook page တကယ်ကောင်းခဲ့တာက လွန်ခဲ့တဲ့နှစ်အနည်းငယ်အထိပါပဲ၊ အခုတော့ သိပ်အဆင်မပြေတော့ပါ။ website တွေလိုမျိုး မကောင်းနိုင်တော့ပါ။
အခုကျတော့ရောဘာဖြစ်သွားလို့လဲလို့ မေးရင်၊ ဒီအောက်က အချက်တွေကြောင့်ပဲဖြစ်ပါတယ်။
- ၁ - AI အတွက် Dataset
- ၂ - Facebook Data Scraping Term
- ၃ - Search, Deep Search, Research
- ၄ - AI agents
(၁) AI အတွက် Dataset
AI တွေရဲ့ ဦးနှောက် (model) တွေအတွက် dataset တွေဟာ များသောအားဖြင့် website ကနေ crawl (ဆွဲ) ယူထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ ဝန်းကျင်ကနေ အခု ၂၀၂၅ အထိ မိမိကိုယ်ပိုင်အကြောင်းအရာကို website လွင့်တင်ထားဖူးတဲ့လူဆိုရင် အဲဒီလူရဲ့အကြောင်းအရာဟာ အခုလက်ရှိပေါက်နေတဲ့ AI (ChatGPT, Gemini, DeepSeek, Grok, Claude, Qwan, Kimi...etc) တွေအားလုံးမှာမေးလို့ရနေမှာသေချာပါတယ်။ ဘာလို့လဲဆိုတာ့ AI engineer တွေက AI dataset တွေကိုဖြည့်တဲ့အချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ website တွေအားလုံးကို crawl လိုက်တာပဲဖြစ်ပါတယ်။
ဒီအောက်ကပုံအရ ဆို ကျနော်တို့ August Host အကြောင်းကို ChatGPT မှာမေးထားတာပဲဖြစ်ပါတယ်၊ သူဆွဲထွက်လာတဲ့ data တွေအားလုံးက website ကလာတာပါ။
(၂) Facebook Data Scraping Term
ဒီနေရာမှာ "ငါ့ facebook page ကိုဘာလို့ ChatGPT ကမသိတာလဲ"၊ "ငါ့ page မှာကြော်ငြာထားတဲ့ ကုန်ပစ္စည်းကိုဘာလို့ ChatGPT ကမသိတာလဲ" ဆိုပြီးသွားလုပ်လို့မရဘူး၊ အဓိက အကြောင်းအရင်းက facebook page သည် website မဟုတ်ဘူး AI dataset အတွက် crawl ချင်တိုင်း crawl လို့မရဘူး။ facebook က သူ့ data ကိုအရမ်းအရေးထားတယ်၊ သူများတွေကို အလကား မပေးချင်ဘူး၊ သူပဲအကုန်ယူမယ်ဆိုတဲ့သဘောပေါ့ဗျာ။ အပြင်ကလာတဲ့ bot တွေ crawler တွေ လုံးဝ လုံးဝ crawl လို့မရပါဘူး။ သိချင်တယ်ဆို facebook data scraping term ကိုရှာဖတ်လို့ရပါတယ်။
(၃) Search, Deep Search, Research
အခုနောက်ပိုင်း Search, Deep Search, Research စတဲ့ terms တွေကို AI search box အောက်ဘက်မှာတွေ့တတ်ပါတယ်၊ အရင်က ChatGPT 3 AI လိုမျိုးကို update သတင်း၊ နောက်ဆုံး ၂၀၂၄၊ ၂၀၂၅ သတင်းတွေ၊ စာတွေသွားမေးရင် ChatGPT 3 ပြန်ဖြေတာက သူ့ Model (ဦးနှောက်) က "၂၀၂၁ အထိဘဲ train ထားပါတယ်" ဆိုတာမျိုးတွေ့ရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း AI တွေကတော့ သူ့ဦးနှောက်ထဲမှာ နောက်ဆုံး update ဖြစ်တဲ့ data မရှိနေရင်၊ "၂၀၂၁၊ ၂၀၂၂ အထိဘဲ train ထားပါတယ်" ဘာညာ မဖြေတော့ပဲ တခါတည်း ချက်ချက် Website ပေါ်တွေ ချင်ချင်းတက်ရှာပါတယ်။ ဆိုလိုတာ ဒီနေရာမှာ website တွေဟာ AI တွေအတွက်ဘယ်လောက်အရေးပါသလဲဆိုတာပါပဲ။ Facebook page ကတော့ အပေါ်ကအချက် (၂) scraping term နဲ့ငြိနေတော့ AI တွေ Facebook ကိုတက်ရှာလို့မရပါဘူး။
ChatGPT မှာ "search" ဆိုတာလေးနှိပ်ပြီးရှာကြည့်လို့ရပါတယ်။
(၄) AI Agents
AI Agents တွေဆိုတာ အပေါ်က အချက် ၃ နဲ့ခပ်ဆင်ဆင်ပါပဲ၊ သူက data ရှာတဲ့ပေးအပြင် အသုံးပြုသူတွေပြုမူတတ်တာတွေ၊ interact လုပ်တာတွေပါလုပ်ပေးနိုင်တာမျိုးဖြစ်ပါတယ်။ ဥပမာ website ပေါ်မှာရှိတဲ့ ဘယ် button ကိုသွားနှိပ်ပေးတာတို့ search box ကိုဖွင့်ပြီး ရှာပေးတာတို့၊ website တစ်ခုလုံးရဲ့ data တွေကို ဘယ် website ဆီပြန်ပို့ပေးတာတို့ အဆင့်အထိလုပ်နိုင်ပါတယ်။ အခုကျနော်စာရေးနေတဲ့အချိန် 2025 မှာ AI နဲ့အတူ AI Agents တွေဆိုတာလည်းအရမ်းခေါတ်စားပါတယ်။ သူကလည်း website တွေပေါ်ပဲတက်နိုင်တာပါ၊ Facebook ပေါ်ကိုတက်ရှာလို့မရပါ၊ အကြောင်းအရင်းကတော့ အပေါ်ကအချက် (၂) scraping term နဲ့ငြိနေတာပါပဲ။
အရင်က ဘာပဲလိုလို Facebook page မှာရှာတဲ့ကျနော်တို့အကျင့်လေးတွေက အခုဆိုတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပြီ၊ အခုဆို ChatGPT, Perplexity, Gemini စတဲ့ AI တွေကိုသွားမေးလေ့ရှိပါတယ်။ AI ကိုမေးရင် AI data တွေက website ကနေအများဆုံးလာတာဆိုတော့ website တွေဟာ 2023-2025 မှာပြန်အရေးပါလာတယ်လိုပြောလို့ရပါတယ်။
ပထမဆုံးမေးခွန်းအရ "Facebook Page ရှိနေပြီဘဲ ဘာကြောင့် website လိုအပ်တာလဲ?" ကိုပြန်ပြောရမယ်ဆို AI ခေါတ်ထဲမှာ Facebook page ထက် website ကအများကြီးသာပါတယ်။
မိမိကုန်ပစ္စည်းအကြောင်းတွေ၊ brand တွေကို Facebook page တစ်ခုထဲမှာပဲပိတ်လှောင်ထားတာထက် AI ဦးနှောက် (model) တွေထဲပါလာစေချင်ရင် website တစ်ခုရေးပြီးလွှင့်တင်ထားသင့်ပါတယ်။